ပိုမိုကောင်းမွန်သော သတင်းရပ်ဝန်းဖြစ်ပေါ်လာစေရေးအတွက် ဖျာပုံမြို့သူ ၊ မြို့သားများမှ အုပ်တစ်ချပ် သဲတစ်ပွင့်ပါဝင်အားဖြည့်ချင်သော စိတ်တစ်ခုတည်းဖြင့် တည်ထောင်ပါကြောင်း ။ သတင်းများကို waiyan.mk1989@gmail.com, https://www.facebook.com/myblackzone, https://www.facebook.com/groups/thevoiceofpyaponn3w/ သို့ ပေးပို့နိုင်ကြောင်းပါဗျ ။ ကျန်းမာ ချမ်းသာကြပါစေ ။
Monday, June 16, 2014
Sunday, June 15, 2014
ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန(ရမည်းသင်း နည်းပညာတက္ကသိုလ်)ရဲ့ ထုတ်ပြန်ချက်
ကျောင်းသားတွေသာ နိုင်ငံရေးမလုပ်ရဘူးဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ ထွက်ပေါ်လာစရာ
အကြောင်းမရှိဘူး ...
ဗကသ ဖြစ်လာစရာမရှိဘူး ...
ဖဆပလသည်လဲပဲ တက်စုံရွက်ကုန်ဖွင့်လို့ရခဲ့မှာမဟုတ်ဘူး ...
သမိုင်းဆိုတာ Lesson Learning လုပ်ဖို့
အကောင်းဆုံး အသုံးချခံပဲ ...
ဒါကို အမှီပြုပြီး ခွပ်ဒေါင်းမျိုးဆက် ၈၈ ထိကို ထပ်ပါလာတယ် ...
96 ထိကို ထပ်ပါလာတယ် ...
၂၀၀၇ ရွှေဝါရောင်မှာလဲ ကျောင်းသားထုရဲ့အားက
အဖိုးမဖြတ်နိုင်ခဲ့ဘူး ...
ဒါတွေဟာ နိုင်ငံ့အရေးဆိုတာ ကျောင်းသားနဲ့
သက်ကိုသက်ဆိုင်တယ်ဆိုတဲ့ အဓိပါယ်ပဲ ...
ကျောင်းသား နိုင်ငံရေးကင်းရှင်းရမယ်ဆိုရင်
ဒါ နိုင်ငံ့လူ့စွမ်းအား အရင်းအမြစ်ကို သင်းကွပ်တာပဲ ...

နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲ...?
နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲနိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေန...ဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနဲ့ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။ အဲဒီရဲ့ အကျိုးဆက်က အမေစုအတွက် မြန်မာပြည်တွင်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်သွားပါတယ်.။ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့ မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ကြပေါ့ဗျာ.။ ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့ အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာကျောင်းသွားတက်တယ်ဗျ၁၉၆၂ မှာ ဘွဲ့ရတယ် ရတဲ့ဘွဲ့က (Philosophy, Political Science, Eco) ဂုဏ်ထူးနဲ့ ၀ိဇာဘွဲ့ဗျ။ နောက် နယူးယောက်က ကုလသမဂ ရုံးမှာ အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့ နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။အမေစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။ ၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။ ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစခုပြောချင်တယ်။ မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊ အမေစုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊ ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။ သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ပြီးသား အဲဒါက ”ကျွန်မ ပြည်သူတွေအတွက် ကျွန်မတာဝန်ထမ်းဆောင်မယ်ဆိုရင် ခွင့်ပြုဖို့ ” ဆိုတဲ့ သဘောတူညီချက်ပဲ။ မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလားတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်းတွေ အများကြီးပဲ။ အဲဒီတော့ အမေစု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။ မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့ နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊ အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို မသုံးနှုန်းတာတွေ၊ နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး ၀တ်ခဲ့တာတွေ အိန္ဒယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို ရန်ပုံငွေကောက်ပြီး ပြုပြင်မွမ်းမံခဲ့တာတွေကိုကြည့်ရင်..။ အမေစု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။ အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်သင့်ပါတယ်။အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ တပည့်ပါ။ သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။ အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ အမေစုကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒဘာသာနဲ့ ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက် တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး သုတေသနလုပ်နေတဲ့သူပါ။သူ လုပ်ခွင့်ရှိတဲ့ အချိန်မှာ သူလုပ်ခဲ့တဲ့ အလုပ်တွေကို အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။ ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက် အဲဒီတုန်းက ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက ပိုသင့်တော်ပါတယ်။သိသင့်တယ်ထင်လို့ပြန်shareလိုက်တာပါ
တစ်မတ်သား ဥပဒေ
တစ်မတ်သားကို ရပ်နားဖို့
ပြတ်သားဖို့ လိုပြီ...။
ပြတ်သားဖို့ လိုပြီ...။
တစ်ကျပ်မှာ သုံးမတ်နဲ့
ဆုံးဖြတ်မရတဲ့ ဥပဒေ
လူ့ပြေမှာ ရှာမှရှား...။
လေးသုံးခြောက်တဲ့
မြေခွေးဦးနှောက်နဲ့ ရေးဆွဲ
ဒါ..အသေးအဖွဲ မဟုတ်ဘူးနော်...။
တစ်မတ်သားထဲက
တစ်မဲမှ မပါရင်
သဲလွှာပြင် စာရေးသလို
အသာလေးပယ်ဖျက်
အထာလေးနဲ့ နှက်ထားတဲ့ ဥပဒေ...။
တစ်သွေးတစ်သံတဲ့
ငယ်မွေးခြံပေါက်တွေ ဇာတ်တိုက်
အကြပ်ရိုက်ရင် ညစ်ပတ်ဖို့
စစ်တပ်က အဆင်သင့်
ပြင်သင့်တဲ့ ဥပဒေတွေလည်း
သူ့ခြေသူ့လက်ထဲမှာပဲလေ...။
ပြည်သူ့လက်ထဲ အာဏာမထည့်
လူတစ်စုလက်ထဲ ပါဝါထည့်ကြ
ညာလာခဲ့တာလည်း ကြာပြီ...။
ကဲ...
တစ်မတ်သားကို ရပ်နားဖို့
ပြည်သူတွေ တစ်တပ်တစ်အားနဲ့
ပြတ်သားဖို့ လိုပါပြီ...။ ။
(မင်းတံခွန်)
ဆုံးဖြတ်မရတဲ့ ဥပဒေ
လူ့ပြေမှာ ရှာမှရှား...။
လေးသုံးခြောက်တဲ့
မြေခွေးဦးနှောက်နဲ့ ရေးဆွဲ
ဒါ..အသေးအဖွဲ မဟုတ်ဘူးနော်...။
တစ်မတ်သားထဲက
တစ်မဲမှ မပါရင်
သဲလွှာပြင် စာရေးသလို
အသာလေးပယ်ဖျက်
အထာလေးနဲ့ နှက်ထားတဲ့ ဥပဒေ...။
တစ်သွေးတစ်သံတဲ့
ငယ်မွေးခြံပေါက်တွေ ဇာတ်တိုက်
အကြပ်ရိုက်ရင် ညစ်ပတ်ဖို့
စစ်တပ်က အဆင်သင့်
ပြင်သင့်တဲ့ ဥပဒေတွေလည်း
သူ့ခြေသူ့လက်ထဲမှာပဲလေ...။
ပြည်သူ့လက်ထဲ အာဏာမထည့်
လူတစ်စုလက်ထဲ ပါဝါထည့်ကြ
ညာလာခဲ့တာလည်း ကြာပြီ...။
ကဲ...
တစ်မတ်သားကို ရပ်နားဖို့
ပြည်သူတွေ တစ်တပ်တစ်အားနဲ့
ပြတ်သားဖို့ လိုပါပြီ...။ ။
(မင်းတံခွန်)
သုံးစွဲသူပေါင်း (172)သန်းကျော်ရှိတဲ့ Telenor Group
သုံးစွဲသူပေါင်း ၁၇၂ သန်းကျော်ရှိတဲ့ Telenor Group ဟာကမ္ဘာပေါ်က အကြီးဆုံး mobile operators တွေထဲကတစ်ခုပါ။ တယ်လီနောက
နိုင်ငံတကာဈေးကွက်ပေါင်း ၁၃ခုမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ
လုပ်ကိုင်နေပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အာရှတိုက်ကနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံ
တို့လည်းပါဝင်ပါတယ်။

ချစ်သူရည်းစားထားစရာရှားတော့ ...?
၉၁ နှစ်အရွယ် ချစ်သူရှိတဲ့ ၃၁ နှစ်အရွယ် လူငယ်
ပုံမှာ မြင်တွေ့ နေရတာဟာ သားအမိ သုံးယောက် မဟုတ် ပါဘူး။ အလယ်က အမျိုးသားဟာ အသက် ၃၁ နှစ်အရွယ်ရှိ Kyle Jones ဖြစ်ပြီး ပုံ ညာဘက်က အမျိုးသမီးက အသက် ၅၀ အရွယ်ရှိ သူ့အမေ ဖြစ်ပါတယ်။ ပုံ ဘယ်ဘက်မှာ ရှိနေတဲ့ အသက် ၉၁ နှစ် အရွယ် Marjorie McCool ကတော့ ကောင်လေးရဲ့ ချစ်သူ ရည်းစား ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ Pittsburgh မြို့မှာ နေထိုင်ပြီး Kyle ဟာ Marjorie ကို စာအုပ်ဆိုင် တစ်ခုမှာ လုပ်နေတုန်း စတင် တွေ့ရှိတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် တုန်းက ဖြစ်ပြီး အဖွားအရွယ် အမျိုးသမီးကို မြင်မြင်ချင်း စိတ်ဝင်စားလို့ ဖုန်းနံပါတ် တောင်းခဲ့ ပါတယ်။ သားသမိး ၆ ဦး ရှိပြီး အိမ်ထောင်ကွဲတာ ၃၅ နှစ် ကျော် ဖြစ်တဲ့ အဖွားအိုဟာလည်း လူငယ်ရဲ့ Date လုပ်ဖို့ ကမ်းလှမ်းချက် ကို လက်ခံ ခဲ့ ပါတယ်။
အသက်က ၃ ဆ တောင် ကွာနေတာ ဖြစ်တာကြောင့် အဖွားအရွယ်တောင် မကပဲ Great Grandmother အရွယ် ဖြစ်ပါတယ်။ သူတို့ နှစ်ဦး စကြိုက်တုန်း ကတော့ ကောင်လေးက ၂၆ နှစ်၊ အမျိုးသမီးက ၈၆ နှစ် ရှိ ပါတယ်။ ချစ်သူ သက်တမ်း ၅ နှစ် ပြည့်ချိန်မှာတော့ အဖွားက အသက် ၉၁ နှစ် ကျော်သွား ပါပြီ။ သို့ပေမယ့် အချစ်ဓာတ်က ပိုသထက် ပိုလာကြောင်းသာ အမျိုးသားက ဆိုပါတယ်။
သူ့ရဲ့ အဖေ ဖြစ်သူကိုယ်တိုင်လည်း သားရဲ့ ရွေးချယ်မှုကို မငြင်းဆိုပဲ လက်ခံ ပါတယ်။ Dating ပေါင်း များစွာ ပြုလုပ်ပြီး နောက်ဆုံးမှ Marjorie နဲ့ အဆင်ပြေ သွားခြင်း ဖြစ်ပါတယ်။ 'လူတစ်ကိုယ် အကြိုက် တစ်မျိုးပေါ့။ ကျနော် ကတော့ Old Lady ကို ကြိုက်ပါတယ်။ ပလက်စတစ်ဆာဂျရီတွေ၊ ဆံပင်နီတွေ မကြိုက်ပါဘူး။ သဘာဝ အသားအရည်၊ သဘာဝ အတိုင်း ဖြူနေတဲ့ ဆံပင် တို့ကို ကြိုက်ပါတယ်။ သူမဟာ ကျနော့အတွက် အကောင်းဆုံး ရွေးချယ်မှုပါ' လို့တောင် အင်တာဗျူး မှာ ဖြေသွား ပါသေးတယ်။
အမျိုးသမီးက ချမ်းသာလို့ ပိုင်းလုံး လုပ်တာလည်း မဟုတ် ပါဘူး။ သာမန် အဖွားကြီး တစ်ဦးမျှသာ ဖြစ်ပြီး ယခုတော့ မင်္ဂလာဆောင် လက်ထက်ဖို့ ပြင်ဆင် နေကြပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

ထိုင်းနိုင်ငံ လူသားပြတိုက်ထဲက မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ကယန်း ပဒေါင်များ
ငြိမ်းဇော်
ဘတ် ၅၀၀ မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၅၀၀၀ ဝန်းကျင်ပေးပြီး ကြည့်ရတဲ့ လည်ပင်းကြေးကွင်းစွပ် ကယန်း ပဒေါင် တိုင်းရင်းသားတွေဘဲ ဖြစ်ပါတယ်။ အားလုံးက မြန်မာနိုင်ငံ ကယားပြည်နယ်က လာကြတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ မဲ့ဆာ (Mae
Sa) မြို့ငယ်လေးက ထိုင်းသူဌေး တစ်ဦးပိုင် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်း ကျင်က
ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ LONG NECK KAREN ဆိုပြီး
လည်ပင်း ကြေးကွင်းစွပ် ပဒေါင် ဦးရေ ၁၀၀ ကျော်နီးပါးကို ပြထားတာ
ဖြစ်ပါတယ်။ တဲအိမ်ပေါင်း ၇၀ နီးပါကို ရွာတန်းရှည်ပုံဆံ မျိုးနဲ့
တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အဲဒိမှာ နေကြတဲ့ ပဒေါင်တွေဟာ သူတို့ဒေသမှာ လုပ်ကိုင်စားသောက်ရေး ခက်ခဲတာကြောင့် နယ်စပ်တွေက နေတဆင့် ထိုင်းနိုင်ငံ ဘက်ကို ရွှေ့ပြောင်းလာရင်း ထိုင်းလုပ်ငန်းရှင်တွေ ဖွင့်တဲ့ လူသားပြတိုက် ထဲ ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပဒေါင် တိုင်းရင်းသား တစ်ဦးက ပြောပါတယ်။
သူတို့ကို သူဌေးက မိသားစုအလိုက် ထောက်ပံ့ကြေး အနည်းငယ်သာ ပေးတာကြောင့် ပဒေါင်အမျိုးသား တွေက အပြင်ထွက် နေ့စားကျပန်းအလုပ်တွေ ရှာကျန် လုပ်ရတယ်လို့ ဆိုကြပါတယ်။ “သူဌေးက ဆီးဖိုး ဆန်ဖိုးလောက်ဘဲ ပေးတာ ပါ” တဲ့ မေးသမျှ အားလုံးနီးပါးက ဒီအတိုင်းပဲ ဖြေကြပါတယ်။
ကြေးကွင်းစွပ် ပဒေါင်အမျိုးသမီးတွေကိုတော့ အပြင်ထွက်ခွင့်ကို ပိတ်ပင်ထားပါတယ်။ အဲဒီထဲမှာဘဲ မိုးလင်း မိုးချုပ် ဧည့်သည် အလာကို စောင့်မျှော်နေကြရတာပါ။ မဖြစ်မနေ အပြင်ပေးထွက်ရင်တောင် သူတို့ ဝတ်ဆင်ထားတဲ့ လည်းပင်းက ကြေးကွင်းတွေကို လူမမြင်နိုင်အောင် အဝတ်တွေနဲ့ ပတ်ပြီးသွားရတာပါ။ သူဌေးတစ်ဦးဦးက ကြေးကွင်းစွပ် ပဒေါင်မှန်းသိရင် လူကို တန်ဖိုးဖြတ်ဝယ်ယူတာကြောင့် အပြင်သွားတိုင်း ရုပ်ဖျက်ပြီး သွားကြရတယ်လို့ ပဒေါင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
တဲအိမ်ထဲက လက်ယက်ကန်းယက်နေတဲ့ ၁၀ ကျော်သက်အရွယ် ပဒေါင်ငယ်တစ်ဦးကတော့ “ကျမ ရွာမှာ ကျောင်း ၅ တန်းဘဲ တက်တယ်။ ဒီမှာ ရောက်လာတယ်။ ရွာမှာ အလုပ်မရှိဘူး” တဲ့ လက်တဘက်က ချည်စကို သိမ်းနေရင် မြန်မာစကားကို ကြိုးစားပြီး ပြောပါတယ်။
အဲဒီမှာ ရှိတဲ့ ပဒေါင်အမျိုးသမီးတိုင်း ချည်ထည်မျိုးစုံ ယက်လုပ်ကြတာပါ။ သူတို့အတွက် တဖက်တလမ်း ဝင်ငွေလို့ ဆိုရမှာပါ။ အဲဒီက ရောင်းလို့ရတဲ့ ဝင်ငွေက သူတို့အိမ်သုံးစရိတ်ကာမိတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကြေးကွင်းစွပ် ပဒေါင်တွေကို နိုင်ငံခြားသားတွေ ကြည့်ရှု့လေ့လာဖို့အတွက် ထိုင်းအစိုးရက ဈေးကွက်တခုအနေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း အစိုးရက ကိုယ်တိုင်မလုပ်တော့ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကို လွဲပြောင်းပေးလိုက်တာလို့ သိရပါတယ်။ လွဲပြောင်းပေးလိုက်ပြီး မကြာခင်မှာဘဲ ထိုင်းနိုင်ငံရဲ့ မြို့ပြတော်တော်များများမှာ “တိုင်းရင်းသား ကျေးရွာ” ဆိုပြီး ပဒေါင်တွေကို ပြစားလာတာဘဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ပဒေါင်လူမျိုးတွေကို အခကျေးငွေယူပြီး Human Zoo သဖွယ်ပြစားတယ်ဆိုပြီး နေရပ်ရင်း မြန်မာပြည်က ပဒေါင်တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြပါသေးတယ်။
ပဒေါင်းတိုင်းရင်းသားတွေကိုယ်တိုင်ကလည်း နေရပ်ရင်းမြန်မာပြည်မှာ စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါး တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လူသားပြတိုက် မှာ အရှက်တရားတွေဘေးဖယ်ပြီး လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစကားကို ပီပီသသပြောဆိုနိုင်တဲ့ ပဒေါင်တိုင်းရင်းသား ဦးခါးလွေက “ဒီမှာတော့ ဘယ်နေချင်ပါ့မလဲ။ မဖြစ်လို့တာ နေရတာပေါ့။ ကိုယ့်နိုင်ငံမှာ အဆင်ပြေရင် ပြန်မှာဘဲ။ အခုက လူသား တိရစ္ဆာန်လိုလို ဖြစ်နေတယ်” သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ပြောပြတာပါ။
နေရပ်ရင်းမြန်မာနိုင်ငံမှာတော့ စုစုပေါင်း ကြေးကွင်းစွပ် အယောက် ၁၀၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပေမယ့် ထိုင်းနိုင်ငံမှာတော့ စီးပွားရေးအရ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ပဒေါင်လူမျိုး ရာပေါင်းများစွာရှိနေပြီဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - ငြိမ်းဇော် ( ဧရာဝတီ )

ဟာသသရုပ်ဆောင်
ဦးမြင့်သိန်း (ခ) ကုသိုလ် အသက် (၆ဝ) နှစ်သည် ၁၅.၆. ၂ဝ၁၄ (တနင်္ဂနွေနေ့)
မွန်းလွဲ (၁၂း၎ဝ) နာရီအချိန်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဝေဒနာဖြင့်
ကွယ်လွန်သွားခဲ့သည့် အတွက် မိသားစုနှင့်ထပ်တူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းနည်းကြေကွဲမိပါသည်။
(၂၁.၄.၂ဝ၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ "သာဓုပါဗျာ"
သံချပ်အဖွဲ့မှ အလှူငွေ လာရောက်လှူဒါန်းခဲ့စဉ်က ဓါတ်ပုံမှတ်တမ်းဖြစ်ပါသည်။)
Friday, June 13, 2014
“နတ်မောက်”
မင်းဘာမှ ထပ်မလုပ်နဲ့
“ထိန်လင်း”ကို
ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်
တာဝန်ကျေပြီ ...။
“ခင်ကြည်”
ညည်းယောက်ျားကို
သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တစ်ပဲတစ်မူးတောင်
အမေအိုဆီ
လက်ဖြန့်တဲ့လူသား
နိုင်ငံခေါင်းဆောင် ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းကို စိတ်မပျက်စေနဲ့ ...။
“ဗိုလ်ထွန်းလှ”
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ
အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင်
မျက်နှာမထားတတ်အောင်
ရှက်ရှာနေဦးမယ် ...။
“ဆရာတော် ဦးသောဘိတ”
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရင်ချဆိုတာ
ကျွန်တော်တို့ အတွက်ပါဘုရား ...။
“ဦးဘ၀င်း”
ခင်ဗျားညီအငယ်ဆုံးလေးကို
ခွင့်လွှတ်ပေးပါ
သူပြောခိုင်းတဲ့
ရည်စားစကားပြောပေးလိုက်ပါ
စစ်သားကြီးအသည်းက
ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ ...။
“ရဲဘော်ကျော်စိန်”
ခင်ဗျားကားမောင်းရင်
သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ
ကျွန်တော်တို့
အတိတ်ကြီး ပစ္စုပ်ပန်ကြီး အနာဂတ်ကြီး ...။
ဟေ့လူ
“ပလေဒီယံ ရုပ်ရှင်မန်နေဂျာ”
သူ့ဟာသူ
ငါးမူးတန်းကကြည့်ကြည့်
တစ်မတ်တန်းကကြည့်ကြည့်
သွားမတားပါနဲ့
ဘ၀မှာ အပန်းဖြေနည်း
လက်တစ်ဖက် မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ ...။
“ဗိုလ်မှူးကြီး ဆူဇူကီး”
တွေ့တယ်မဟုတ်လား
ခင်ဗျားကို လက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်
တိုက်ရမှာပဲလို့ပြောခဲ့တဲ့
အညာသားလေးကို
အဲ့သတ္တိ အဲ့စကားကို
သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ
ပြောရဲတာ တစ်ကောင်မှမရှိဘူး ...။
“အမွိုင်”
မင်းမြေကို သူနင်းလိုက်တော့
တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက် ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးဘူးမဟုတ်လား ...။
“ဦးစော”
ခင်ဗျားကို မေ့ထားပါမယ်
ခွင့်လွှတ်လို့တော့ မရသေးဘူး
ဒါပေမယ့် ... မပူပါနဲ့
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလို
လူတွေအများကြီးရယ် ...။
“မစ္စတာနေရူး”
ခင်ဗျားသူ့ကို
လောင်းကုတ်ကြီးပေးလိုက်တာ
ကျေးဇူးတင်တယ်ဗျာ
အခုကျွန်တော်တို့မှာ
ဒါကြီးခြုံပြီးနွေးနေရတာ ...။
“ပဲခူးဆောင်”
ခင်ဗျားအခန်းထဲက
ကြမ်းပိုးတွေ မောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို
ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့ အ၀တ်တွေ
တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့ မနေခဲ့လို့
ကျွန်တော်တို့ ဇိမ်နဲ့နေနေရတာ ...။
“ညိုညိုစိန်”
ညည်းတစ်သက်လုံး
မင်းသမီး လုပ်လာတာ
အနယ်နယ် အရပ်ရပ်
ရွှေဘိုညချမ်းကလို
သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား
တွေ့ဖူးရဲ့လား
ကျုပ်မှာ ကာမပိုင်နဲ့ဗျ တဲ့
မိန်းကလေးတန်မဲ့
လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့
မဟုတ်လား ...။
“ဆြာစတက်ဖို့ကရစ်ပ်”
သူခင်ဗျားအင်္ကျီ အိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ
မအံသြပါနဲ့
၃၂ နှစ်နဲ့ သေခဲ့တာတောင်
ကျွန်တော်တို့ နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း ...။
“ဦးဌေးမြိုင် (သို့) ဒဂုန်တာရာ”
(ဇွတ်ချစ်မယ်) ဆိုတဲ့
အချစ်သီချင်းအစား
စစ်ချီစစ်တက် သီချင်းတွေပဲ
သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ
နှလုံးသား မရှိတာမဟုတ်ပါဘူး
နှလုံးသား ရှိလွန်းလို့ပါ ...။
“ဂျူဗလီဟော”
ကျေးဇူးပြုပြီး
ရွှေတိဂုံဘုရားလမ်းဘက်
လှည့်မထားပါနဲ့
ခင်ဗျားကိုမြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့ ...။
“ရဲဘော်ကလေးတွေ”
စိတ်မကောင်းမဖြစ်နဲ့
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ
တိုက်တွေ ကားတွေ
လက်မဖွဲ့လို့
စိတ်ဆိုးမယ့် လူစားလား
ငွေသော်တာရောင်ခြည် ဆိုတာ
အရိုးသားဆုံး အပြုံးနဲ့
ပျော်နေခဲ့တာလေ ...။
“ပြည်ထဲရေးဝန်ကြီး ဦးမြ”
ခင်ဗျား မှားတယ်
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော
ပေကပ်ထားခဲ့ရမှာ
အခုတော့ ကျွန်တော်တို့မှာ
ပြောခွင့်မရှိတော့ ...။
“ကိုကျော့မောင်”
သူ့မင်္ဂလာဆောင်မှာ
ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ
စိတ်မကောင်း မဖြစ်ပါနဲ့
သူအပင်ပန်းခံ သင်ယူခဲ့တဲ့
ပညာတွေထဲမှာ
အဲလို အပိုဆာဒါးတွေ မပါဘူး ...။
“မေမြို့”
ဝမ်းနည်းစိတ်ကို
ကျိတ်မှိတ်ထားတော့
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ် စာရေးမယ် ဆိုတဲ့သူ
ကျည်ဆန် ၁၃ တောင့် စိုက်သွားပြီ
ရေးလို့မကုန်အောင်
ကျွန်တော်တို့ ရေးနေရပြီ ...။
မင်းဘာမှ ထပ်မလုပ်နဲ့
“ထိန်လင်း”ကို
ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်
တာဝန်ကျေပြီ ...။
“ခင်ကြည်”
ညည်းယောက်ျားကို
သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တစ်ပဲတစ်မူးတောင်
အမေအိုဆီ
လက်ဖြန့်တဲ့လူသား
နိုင်ငံခေါင်းဆောင် ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းကို စိတ်မပျက်စေနဲ့ ...။
“ဗိုလ်ထွန်းလှ”
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ
အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင်
မျက်နှာမထားတတ်အောင်
ရှက်ရှာနေဦးမယ် ...။
“ဆရာတော် ဦးသောဘိတ”
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရင်ချဆိုတာ
ကျွန်တော်တို့ အတွက်ပါဘုရား ...။
“ဦးဘ၀င်း”
ခင်ဗျားညီအငယ်ဆုံးလေးကို
ခွင့်လွှတ်ပေးပါ
သူပြောခိုင်းတဲ့
ရည်စားစကားပြောပေးလိုက်ပါ
စစ်သားကြီးအသည်းက
ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ ...။
“ရဲဘော်ကျော်စိန်”
ခင်ဗျားကားမောင်းရင်
သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ
ကျွန်တော်တို့
အတိတ်ကြီး ပစ္စုပ်ပန်ကြီး အနာဂတ်ကြီး ...။
ဟေ့လူ
“ပလေဒီယံ ရုပ်ရှင်မန်နေဂျာ”
သူ့ဟာသူ
ငါးမူးတန်းကကြည့်ကြည့်
တစ်မတ်တန်းကကြည့်ကြည့်
သွားမတားပါနဲ့
ဘ၀မှာ အပန်းဖြေနည်း
လက်တစ်ဖက် မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ ...။
“ဗိုလ်မှူးကြီး ဆူဇူကီး”
တွေ့တယ်မဟုတ်လား
ခင်ဗျားကို လက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်
တိုက်ရမှာပဲလို့ပြောခဲ့တဲ့
အညာသားလေးကို
အဲ့သတ္တိ အဲ့စကားကို
သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ
ပြောရဲတာ တစ်ကောင်မှမရှိဘူး ...။
“အမွိုင်”
မင်းမြေကို သူနင်းလိုက်တော့
တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက် ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးဘူးမဟုတ်လား ...။
“ဦးစော”
ခင်ဗျားကို မေ့ထားပါမယ်
ခွင့်လွှတ်လို့တော့ မရသေးဘူး
ဒါပေမယ့် ... မပူပါနဲ့
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလို
လူတွေအများကြီးရယ် ...။
“မစ္စတာနေရူး”
ခင်ဗျားသူ့ကို
လောင်းကုတ်ကြီးပေးလိုက်တာ
ကျေးဇူးတင်တယ်ဗျာ
အခုကျွန်တော်တို့မှာ
ဒါကြီးခြုံပြီးနွေးနေရတာ ...။
“ပဲခူးဆောင်”
ခင်ဗျားအခန်းထဲက
ကြမ်းပိုးတွေ မောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို
ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့ အ၀တ်တွေ
တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့ မနေခဲ့လို့
ကျွန်တော်တို့ ဇိမ်နဲ့နေနေရတာ ...။
“ညိုညိုစိန်”
ညည်းတစ်သက်လုံး
မင်းသမီး လုပ်လာတာ
အနယ်နယ် အရပ်ရပ်
ရွှေဘိုညချမ်းကလို
သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား
တွေ့ဖူးရဲ့လား
ကျုပ်မှာ ကာမပိုင်နဲ့ဗျ တဲ့
မိန်းကလေးတန်မဲ့
လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့
မဟုတ်လား ...။
“ဆြာစတက်ဖို့ကရစ်ပ်”
သူခင်ဗျားအင်္ကျီ အိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ
မအံသြပါနဲ့
၃၂ နှစ်နဲ့ သေခဲ့တာတောင်
ကျွန်တော်တို့ နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း ...။
“ဦးဌေးမြိုင် (သို့) ဒဂုန်တာရာ”
(ဇွတ်ချစ်မယ်) ဆိုတဲ့
အချစ်သီချင်းအစား
စစ်ချီစစ်တက် သီချင်းတွေပဲ
သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ
နှလုံးသား မရှိတာမဟုတ်ပါဘူး
နှလုံးသား ရှိလွန်းလို့ပါ ...။
“ဂျူဗလီဟော”
ကျေးဇူးပြုပြီး
ရွှေတိဂုံဘုရားလမ်းဘက်
လှည့်မထားပါနဲ့
ခင်ဗျားကိုမြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့ ...။
“ရဲဘော်ကလေးတွေ”
စိတ်မကောင်းမဖြစ်နဲ့
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ
တိုက်တွေ ကားတွေ
လက်မဖွဲ့လို့
စိတ်ဆိုးမယ့် လူစားလား
ငွေသော်တာရောင်ခြည် ဆိုတာ
အရိုးသားဆုံး အပြုံးနဲ့
ပျော်နေခဲ့တာလေ ...။
“ပြည်ထဲရေးဝန်ကြီး ဦးမြ”
ခင်ဗျား မှားတယ်
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော
ပေကပ်ထားခဲ့ရမှာ
အခုတော့ ကျွန်တော်တို့မှာ
ပြောခွင့်မရှိတော့ ...။
“ကိုကျော့မောင်”
သူ့မင်္ဂလာဆောင်မှာ
ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ
စိတ်မကောင်း မဖြစ်ပါနဲ့
သူအပင်ပန်းခံ သင်ယူခဲ့တဲ့
ပညာတွေထဲမှာ
အဲလို အပိုဆာဒါးတွေ မပါဘူး ...။
“မေမြို့”
ဝမ်းနည်းစိတ်ကို
ကျိတ်မှိတ်ထားတော့
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ် စာရေးမယ် ဆိုတဲ့သူ
ကျည်ဆန် ၁၃ တောင့် စိုက်သွားပြီ
ရေးလို့မကုန်အောင်
ကျွန်တော်တို့ ရေးနေရပြီ ...။
Thursday, June 12, 2014
ဖျာပုံ မှာ C800 သုံးမရ
ဖျာပုံခရိုင် ၊ ဖျာပုံမြို့ ..........
ဟုတ်ကဲ့ ခရိုင်မြို့ဖြစ်တဲ့အတွက် ....... CDMA 800 တွေ လုံးဝသုံးလို့မရပါဘူး ၊ အထက်ကိုတင်ပြထားပါတယ်တဲ့...... ဘိုးဘိုးအောင်ကိုလား ဘိုးမင်းခေါင်ကိုလား.... ကျုပ်တို့က ဘာလုပ်ရမှာလဲ ........ မိုးနတ်မင်းဆီမှာ ဆုတောင်းရမှာလား ........ ကဲဟေ့ ............ လမ်းပေါ်ထွက်ကြမလား ..... ။
Post by Zar Ni.
Monday, January 20, 2014
ဖျာပုံ အမေနေ့မှာ ကိုမင်းကိုနိုင် ရွတ်ဆိုသွားခဲ့သော ကဗျာတစ်ပုဒ်...
သားလက်မှတ်မထိုးဝံ့တဲ့ ပန်းချီကား
*************************
အမေ...
သားတို့မှာ ဘာမှ မရှိတောင်မှ
အမေရှိလို့ ဖြေသာသေးတယ်...။
အမေ...
သားတို့ကို ဘာမှ မပေးနိုင်တောင်
အမေရှိတဲ့ မေတ္တာကိုပေးတယ်...။
အမေ...
သားတို့အတွက် အမြဲတမ်း ရှိပါစေ...။
ပန်းကတ္တီပါလို နုလက်ဖ၀ါးနဲ့ သားတို့အမေ...
ဓါးလှံတွေကို ဂွမ်းလို မျှင်ပြနိုင်...။
သံအရည်ပျော်တဲ့ မီးပုံကြီးသာ ဟုန်းဟုန်းတောက်ပါစေ...
အမေ့မေတ္တာ ပန်းလို ပွင့်ပြနိုင်...။
အမေ...
ဂျိုးငှက်တွေ အမေရဲ့ ပုခက်ပေါ်မှာ
ဆိုသီချင်းများ သင်ယူရစမြဲပါ..။
အမေ...
အမေ့လက်ပေါ်သင်သော အကပညာကြောင့်သာ
ကိန္ဒရာတို့ ပွဲလယ်တင့်စမြဲပါ...။
အမေ...
သားတို့အတွက် အမြဲတမ်း ရှေ့ဆောင်ထား
စကြာဝဠာကို ချော့သိပ်ဖူးသော သီချင်းနဲ့ပဲ
သားငယ် ကမ္ဘာကို တေးဆိုချော့သူ အမေ..။
သားငယ်ကမ္ဘာဟာ.. မိခင်လွှဲတဲ့ ပုခက်ထဲမှာ
လက်မကလေး စုပ်ကာ ပျော်ပါရစေ...။
(မင်းကိုနိုင်)
15- 1- 2014
(ဖျာပုံမြို့၊ အမေနေ့ဟောပြောပွဲမှ...)
Post by - Min Dagwan
အမေ့အိမ်
********
ဖျာပုံမြို့၊(၁၁)ကြိမ်မြောက
15- 1- 2014
Wednesday, January 15, 2014
ဗိုလ်ချုပ်အောင်ဆန်းသိရင် နရင်းထအုပ်လိမ့်မှာ မြင်ယောင်သေးတော့ .. ..
တနေ့က ရွှေနတ်ကူဘုရားကို ရောက်သွားတယ် .... တိုက်ဆိုင်တယ် နယ်လှည့်ဆက်ဆံရေး
ဇာတ်အဖွဲ့ကလည်း ရောက်လာတယ် ...... ကားကြီး
နဲ့သူတို့ပစ္စည်းတွေချဘို့လုပ်နေကြတယ် ... အဲ့မှာ ယူနီဖောင်းဝတ် ဗိုလ်ကြီး
နှစ်ယောက်ရယ် ကျန်တဲ့ တပ်သား လေးငါးယောက်ရယ် ဘုရားဝန်းထဲက
ဇာတ်ရုံရှိရာနေရာကို ဖိနပ်စီးပြီးဝင်လာတယ် ... ကျွန်တော်မနေနိုင်ဘူး ....
အဲ့ဒီထဲက အသက်လည်းကြီး ရာထူးလည်းကြီးမယ် ထင်တဲ့တစ်ယောက်ဆီလျောက်သွားပြီး
အကို ... ဘုရားထဲ ဖိနပ်စီး ၀င်တာမကောင်းဘူးဆိုတော့ .....
ကျွန်တော့ကိုကြည့်ပြီး ..... အော် ...အေးညီလေး ဆိုပြီ ........
ဖိနပ်မချွတ်ပဲ ဆက်လျောက်သွားတယ် .......... အော် ........
ကျွန်တ်ာတွေ့ခဲ့တာ ............ လူလိုနားမလည်တဲ့ကောင်တွေကိုး ............. ။
Post By - Zar Ni https://www.facebook.com/zar.ni.5?viewer_id=100003611540823
Post By - Zar Ni https://www.facebook.com/zar.ni.5?viewer_id=100003611540823
Monday, January 13, 2014
Saturday, January 11, 2014
ခွင့်တောင်းပါသည်
https://www.facebook.com/groups/goldenbrotherspyapon/
မှ သတင်းများကိုကူးယူဖော်ပြခွင့်ပေးပါခင်ဗျာ ။
ကျေးဇူးတင်လျှက်
( Bl4ck Sh33p )
မှ သတင်းများကိုကူးယူဖော်ပြခွင့်ပေးပါခင်ဗျာ ။
ကျေးဇူးတင်လျှက်
( Bl4ck Sh33p )
မွတ်စလင်ကုလားတွေ ပါတီထောင်ပြီး ပူးပေါင်းနေကြပြီ
ကဲ
..ခင်ဗျားတို့တွေ လမ်းပေါ်ထွက်အော်နေချိန် မွတ်စလင်ကုလားတွေ ပါတီထောင်ပြီး
ပူးပေါင်းနေကြပြီ ဥပဒေဘောင်တွင်းကနေ တိုက်ယူကြတော့မယ် ဆိုတာ
အမျိုးသားရေးသမားတွေ သတိထားဖို့. . . . . . .။
By - ကမ္ဘာဂြိုလ်
By - ကမ္ဘာဂြိုလ်
ပြာသိုလပြည့်နေ့ မှာကျင်းပမယ့် ဖျာပုံမြို့ရဲ့ အမေနေ့ အမှတ်တရ အင်္ကျီကို ဒီမနက် ဘရားသား လက်ဖက်ရည်ဆိုင်မှာစတင်ရောင်ချပေးနေပါပြီ။
အမေနေ့ အင်္ကျီကို ဒီမနက် ဘရားသား ( Brother ) လက်ဖက်ရည်ဆိုင်မှာစတင်ရောင်ချပေးနေပါပြီ။ ကိုဖိုးသျှားကိုယ်တိုင်လက်မှတ်ရေးပေးနေပုံ ။
Post & Photo by - Ko Myo
Post & Photo by - Ko Myo
သတင်းပေးပို့ နိုင်ပါသည်
မည်သူမဆို မိမိပေးပို့သော သတင်းအပေါ် တာဝန်ခံနိုင်ပါက https://www.facebook.com/groups/thevoiceofpyaponn3w/ ၊ https://www.facebook.com/myblackzone ၊ https://www.facebook.com/wh0miwh0 နှင့် waiyan.mk1989@gmail.com သို့သတင်းပေးပို့ နိုင်ပါသည် ။
အမေ .. .. .. ။
ငါမဖွဲ့တတ်ဘူး
ငါမဖွဲ့ချင်ဘူး
ဒီတော့
ဂီတာတစ်လက်ကို ကောက်ကိုင်
အမြင့်ဆုံးကီးနဲ့ ကမ္ဘာမြေတုန်ဟီးအောင်
တစ်ခွန်းတည်း ဟစ်ကြွေးလိုက်မယ်
အမေ............လို့။
ထင် ရာ စိုင်း
ဖျာပုံမြို့  ရဲ့ အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ဒေ၀တာဗလိံ လှူဒါန်းပွဲ နှစ် တစ်ရာပြည့် ပူဇော်ပွဲ ။
ဖျာပုံမြို့  ရဲ့ အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ဒေ၀တာဗလိံ လှူဒါန်းပွဲ နှစ် တစ်ရာပြည့် ပူဇော်ပွဲပါ။ ဖျာပုံသားညီအကိုမောင် နှမတို့  လာရောက်ဆင်နွှဲဖို့  ဖိတ်ခေါ်အပ်ပါတယ်.. .. ။

Post and Photo by - https://www.facebook.com/kyaw.dagon
မိပြီ .... မိပြီ .....
ဖျာပုံမြို့မှာ မွတ်ကုလားတွေ တရားမဝင် ခိုးသယ်နေတဲ့ အမဲသားပိဿာ ၅၀၀ ကျော်
ကို ကား ၃ စီးနဲ့အတူ ဖမ်းဆီးရမိပါတယ် သခိုးကြီးကတော့
ချီးကျုံးကုလားမျိုးရိုးဖြစ်သော (မှတ်ချက်-
မြန်မာနိုင်ငံပြည်တွင်းမွတ်ကုလားများသည် ချီးကျုံး ကူလီထမ်း လန်ချားဆွဲသော
သူခိုးဂျပိုး ဂျလေဘီ အာဝါဒါးများသာဖြစ်ပါသည် ယခုမှသာလျင်
သူတောင်းစားထမင်းဝ၍ အောက်ချေလွတ်နေသူများသာဖြစ်ပါသည် မွတ်ကုလားများသည်
ကျွန်မျိုးများသာဖြစ်ပါသည်) သူခိုး ဟူစိန်ပါဝင်တဲ့ ကုလား ၈ ကောင်ကို
ဖျာပုံမြို့ ဇိဝိတဒါန သက်ကယ်ကုသိုလ်တော်အသင်း နှင့်တာဝန်ရှိသူများမှ ၇
ရက်နေ့နံနက် ၃ နာရီတွင် ဖျာပုံတံတားအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်
လောလောဆယ်ဖျာပုံရဲစခန်းမှာ အမှုဖွင့်ထားပါကြောင်း မွတ်ကုလားကင်းစင်
မြန်ပြည်တခွင်မှ
သတင်းတင်ဆက်လိုက်ပါတယ်ခင်ဗျား
Post By - Zar Ni
Credit - ကိုရင်လူထွက် ငပိချက်
သတင်းတင်ဆက်လိုက်ပါတယ်ခင်ဗျား
Post By - Zar Ni
Credit - ကိုရင်လူထွက် ငပိချက်
Subscribe to:
Posts (Atom)