၉၁ နှစ်အရွယ် ချစ်သူရှိတဲ့ ၃၁ နှစ်အရွယ် လူငယ်
ပုံမှာ မြင်တွေ့ နေရတာဟာ သားအမိ သုံးယောက် မဟုတ် ပါဘူး။ အလယ်က အမျိုးသားဟာ အသက် ၃၁ နှစ်အရွယ်ရှိ Kyle Jones ဖြစ်ပြီး ပုံ
ညာဘက်က အမျိုးသမီးက အသက် ၅၀ အရွယ်ရှိ သူ့အမေ ဖြစ်ပါတယ်။ ပုံ ဘယ်ဘက်မှာ
ရှိနေတဲ့ အသက် ၉၁ နှစ် အရွယ် Marjorie McCool ကတော့ ကောင်လေးရဲ့ ချစ်သူ
ရည်းစား ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ Pittsburgh မြို့မှာ နေထိုင်ပြီး Kyle ဟာ Marjorie ကို
စာအုပ်ဆိုင် တစ်ခုမှာ လုပ်နေတုန်း စတင် တွေ့ရှိတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်
တုန်းက ဖြစ်ပြီး အဖွားအရွယ် အမျိုးသမီးကို မြင်မြင်ချင်း စိတ်ဝင်စားလို့
ဖုန်းနံပါတ် တောင်းခဲ့ ပါတယ်။ သားသမိး ၆ ဦး ရှိပြီး အိမ်ထောင်ကွဲတာ ၃၅
နှစ် ကျော် ဖြစ်တဲ့ အဖွားအိုဟာလည်း လူငယ်ရဲ့ Date လုပ်ဖို့ ကမ်းလှမ်းချက်
ကို လက်ခံ ခဲ့ ပါတယ်။
အသက်က ၃ ဆ တောင် ကွာနေတာ ဖြစ်တာကြောင့်
အဖွားအရွယ်တောင် မကပဲ Great Grandmother အရွယ် ဖြစ်ပါတယ်။ သူတို့ နှစ်ဦး
စကြိုက်တုန်း ကတော့ ကောင်လေးက ၂၆ နှစ်၊ အမျိုးသမီးက ၈၆ နှစ် ရှိ ပါတယ်။
ချစ်သူ သက်တမ်း ၅ နှစ် ပြည့်ချိန်မှာတော့ အဖွားက အသက် ၉၁ နှစ် ကျော်သွား
ပါပြီ။ သို့ပေမယ့် အချစ်ဓာတ်က ပိုသထက် ပိုလာကြောင်းသာ အမျိုးသားက ဆိုပါတယ်။
သူ့ရဲ့ အဖေ ဖြစ်သူကိုယ်တိုင်လည်း သားရဲ့ ရွေးချယ်မှုကို
မငြင်းဆိုပဲ လက်ခံ ပါတယ်။ Dating ပေါင်း များစွာ ပြုလုပ်ပြီး နောက်ဆုံးမှ
Marjorie နဲ့ အဆင်ပြေ သွားခြင်း ဖြစ်ပါတယ်။ 'လူတစ်ကိုယ် အကြိုက်
တစ်မျိုးပေါ့။ ကျနော် ကတော့ Old Lady ကို ကြိုက်ပါတယ်။ ပလက်စတစ်ဆာဂျရီတွေ၊
ဆံပင်နီတွေ မကြိုက်ပါဘူး။ သဘာဝ အသားအရည်၊ သဘာဝ အတိုင်း ဖြူနေတဲ့ ဆံပင်
တို့ကို ကြိုက်ပါတယ်။ သူမဟာ ကျနော့အတွက် အကောင်းဆုံး ရွေးချယ်မှုပါ'
လို့တောင် အင်တာဗျူး မှာ ဖြေသွား ပါသေးတယ်။
အမျိုးသမီးက
ချမ်းသာလို့ ပိုင်းလုံး လုပ်တာလည်း မဟုတ် ပါဘူး။ သာမန် အဖွားကြီး
တစ်ဦးမျှသာ ဖြစ်ပြီး ယခုတော့ မင်္ဂလာဆောင် လက်ထက်ဖို့ ပြင်ဆင် နေကြပြီ
ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment